пятница, 27 мая 2011 г.

"၁၅၀၀" ချစ်ခြင်း၏အဓိပ္ပါယ်

ကျွန်တော့်အတွက်တော့
အချစ်ဆိုတာ
ရယူခြင်းလား
ပိုင်ဆိုင်ခြင်းလား
ပေးဆပ်ခြင်းလား
မသိသေးခင်မှာပဲ
သံယောဇဉ်နွယ်ကြိုး
ရင်မှာနှောင်ဖွဲ့ရစ်ခဲ့တယ်
ကိုယ့်ရင်(စိတ်)ထဲ သူရှိနေပါ့မလား
သိလိုက်ရချိန်မှာတော့
သူက အဝေးကြီးကို
ရောက်သွားရပြန်တယ်။
အဲဒီတော့ ကျွန်တော့်အတွက်ကတော့
အချစ်ဆိုတာ
ဝေးကွာခြင်း ဖြစ်နေပါပေါ့လား။